သြဂုတ်လ ၃၁ရက်နေ့က ဂါဇါဒေသ တောင်ပိုင်း ရာဖာဥမင်လှိုဏ်ခေါင်း၌ အလောင်း ၆လောင်းကို တွေ့ရှိခဲ့ပြီး ၂၀၂၃ခုနှစ် အောက်တိုဘာလက ဟားမတ်စ်အဖွဲ့မှ လက်နက်ကိုင်သမားများ ဖမ်းဆီးခဲ့သော အစ္စရေးဓားစာခံများဖြစ်ကြောင်း၊ ၎င်းတို့သည် “ရက်ရက်စက်စက်အသတ်ခံခဲ့ရ”ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့မှ စက်တင်ဘာလ ၁ရက်နေ့က ကြေညာခဲ့ပါသည်။ အဆိုပါ သတင်းကို ထုတ်ပြန်ပြီးနောက် အစ္စရေးလူ့အဖွဲ့အစည်းသည် ဒေါသထွက်ခဲ့ကြပါသည်။ ဓားစာခံများ၏မိသားစုဝင်များက ဝန်ကြီးချုပ် Netanyahuအား တာဝန်ယူရန် တောင်းဆိုကြ ပြီး အတိုက်အခံပါတီခေါင်းဆောင်က Netanyahuအား ကိုယ်ပိုင် နိုင်ငံရေးအကျိုးစီးပွား ကို ဓားစာခံများ၏အသက်ထက် ဦးစားပေးသည်ဟု စွပ်စွဲကြပါသည်။ အလွှာပေါင်းစုံ၏ ဒေါသသံများအား Netanyahuက ၁ရက်နေ့တွင် တောင်းပန်ခဲ့ကာ၊ ဟားမတ်စ်လက်နက်ကိုင်သမားများကို ဆက်လက် “ဖမ်းဆီး”ပြီး ဓားစာခံများအတွက် အငြိုးပြေအောင် လက်စားချေသွားမည်ဟု ပြောကြားခဲ့ပါသည်။ အစ္စရေးသမ္မတ Herzogက တစ်နိုင်ငံလုံးသည် ဝမ်းနည်းကြေကွဲနေကြောင်း၊ မိမိသည် အစ္စရေးကိုယ်စား ၎င်းတို့၏မိသားစုဝင် များကို ရိုးသားစွာ နှစ်သိမ့်ပြီး ၎င်းတို့ကို အိမ်သို့ ဘေးကင်းစွာ မပို့ဆောင်နိုင်သည့်အတွက် တောင်းပန်ကြောင်း ကြေညာချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။
အစ္စရေးသမ္မတ နှင့် ဝန်ကြီးချုပ်တို့ တောင်းပန်ခဲ့ကြ
(GMT+08:00)2024-09-02 16:31:19