စက်တင်ဘာလ ၂ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ၌ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က Sabina Shoal သည် တရုတ် နိုင်ငံ နန်ရှားကျွန်းစု၏ အစိတ်အပိုင်း ဖြစ်ကြောင်း၊ သြဂုတ်လ ၃၁ ရက်နေ့က Sabina Shoal Lagoon တွင် တရားမဝင် သောင်တင်နေသော ဖိလစ်ပိုင်ပင်လယ်ရဲတပ်၏ သင်္ဘောသည် ပရော်ဖက်ရှင်နယ်မကျသည့်၊ အန္တရာယ်ရှိသော နည်းလမ်းဖြင့် တရုတ်ပင်လယ်ရဲတပ်၏ သင်္ဘောနှင့် တမင်သက်သက်တိုက်မိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဥပဒေနှင့်အညီ လိုအပ်သော ဆောင်ရွက်ချက်များ ပြုလုပ်ခြင်းသည် တရားမျှတကာ အပြစ်ဆိုဖွယ်ရာမရှိကြောင်း ပြောကြားခဲ့ပါသည်။
ပြောရေးဆိုခွင့်ရှိသူ မော်နင် က ဖိလစ်ပိုင်နိုင်ငံ၏ သက်ဆိုင်ရာလုပ်ရပ်မှာ တရုတ်နိုင်ငံ ၏ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ကျူးလွန်ထိပါးခြင်း ဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်ချက် ကြေညာစာတမ်းကို ပြင်းထန်စွာ ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံအား တရားမဝင် သောင်တင်နေသော သင်္ဘောကို ချက်ချင်းရုပ်သိမ်းပြီး အခွင့်အရေးကျူးလွန်ထိခိုက်မှုနှင့် ရန်စမှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုကြောင်း၊ တရုတ်နိုင်ငံအနေနှင့် ဥပဒေနှင့် အညီ ထိရောက်သော ဆောင်ရွက်ချက်များကို ဆက်လက်ပြုလုပ်ပြီး ကိုယ်တိုင်ပိုင်နက်နယ်မြေ အချုပ်အခြာ အာဏာနှင့်အဏ္ဏဝါရေးရာအခွင့်အရေးကိုကာကွယ်ထိန်းသိမ်းမည်ဖြစ်ကာ တောင်ပင်လယ် ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်ချက် ကြေညာစာတမ်း၏ တည်ကြည် လေးနက်မှုနှင့် ထိရောက်မှုများကို ကာကွယ်ထိန်းသိမ်းမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်း တွင် မိမိတို့သည် ဖိလစ်ပိုင်နိုင်ငံနှင့် သံတမန်ရေးနည်းလမ်းဖြင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက်ပြီး သက်ဆိုင်ရာပြဿနာကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းကာ ပင်လယ်ပြင် အခြေအနေကို ကောင်းမွန်စွာ ထိန်းချုပ်ရန်လည်း ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
ဖိလစ်ပိုင်မှ တရားမဝင် သောင်တင်နေသော သင်္ဘောကို ချက်ချင်းရုပ်သိမ်းရန် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန တောင်းဆို
(GMT+08:00)2024-09-02 17:10:20