မေး- စက်တင်ဘာလ ၁ ရက်နေ့က European External Action Service (EEAS)၏ ပြောရေးဆိုခွင့်ရှိသူမှ ကြေညာချက်ထုတ်ပြန်ပြီး တရုတ်ပင်လယ်ရဲတပ်သင်္ဘောသည် တောင်ပင်လယ်ရပ်ဝန်း၌ ဖိလစ်ပိုင်သင်္ဘောအား အန္တရာယ်ရှိသော လုပ်ဆောင်ချက်အပေါ် ပြစ်တင်ရှုတ်ချခဲ့ပြီး၊ ယင်းနှင့် ပတ်သက်၍ တရုတ်ဘက်က မည်သည့် သဘောထား သနည်း။
ဖြေ- Sabina Shoal သည် တရုတ်နန်ရှားကျွန်းစု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တရုတ် နိုင်ငံ၏ ရှိရင်းစွဲ ပိုင်နက်နယ်မြေဖြစ်ပါသည်။ တရုတ်နိုင်ငံသည် သံတမန်နည်လမ်းမှတစ်ဆင့် ဖိလစ်ပိုင်အား အကြိမ်ကြိမ် တည်ကြည်လေးနက်စွာ အရေးဆိုပြီး ဖိလစ်ပိုင်အား သက်ဆိုင်ရာသင်္ဘောများကို ချက်ချင်းရုပ်သိမ်းရန် ပန်ကြားခဲ့ပါသည်။ ဖိလစ်ပိုင်ဘက်သည် လျစ်လျူရှုရုံသာမက ပို၍ ဆိုးရွားစွာ ပြုလုပ်ခဲ့ပါသည်။ EU သည် တရုတ်တောင်ပင်လယ် ရေးရာနှင့် ပတ်သက်သူ မဟုတ်သကဲ့သို့ တောင်ပင်လယ်ရေးရာများအပေါ် လက်ညှိုးတထိုးထိုး မေးတငေါ့ငေါ့ ပြုပိုင်ခွင့်မရှိပေ။