တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှုအပေါ် အာဖရိကတိုက်ရှိ ဖြေဆိုသူ လူငယ်များက ချီးကျူးစကားပြောကြခြင်း

(GMT+08:00)2024-09-02 16:38:26  

ဘယ်လိုဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းက အာဖရိကတိုက်အတွက် အသင့်တော်ဆုံးလဲဆိုတာ အာဖရိကတိုက်သားများက ပြောပိုင်ခွင့်အရှိဆုံးပါ။ တရုတ်နိုင်ငံဟာ အာဖရိကတိုက်ရဲ့ခေတ်မီတိုးတက် ရေးလမ်းကြောင်းလျှောက်လှမ်းရာမှာ ယုံကြည်စိတ်ချရဆုံး မိတ်ဖက်ပဲဖြစ်ပါတယ်။ China Media Group CGTN မှ  တရုတ် ပြည်သူ့ တက္ကသိုလ်နဲ့ပူးပေါင်းပြီး ခေတ်သစ် နိုင်ငံတကာဆက်သွယ်ရေးသုတေသနဌာနမှတစ်ဆင့် အာဖရိကတိုက်ရှိ ဖြေဆိုသူများထံ ပြုလုပ်ခဲ့သော စစ်တမ်းကောက်ယူမှုမှာ အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြား အာဖရိကလူငယ်များဟာ တရုတ်နိုင်ငံပုံစံ ခေတ်မီ တိုးတက်ရေးအယူအဆနဲ့အောင်မြင်မှုအပေါ် အပြည့်အဝလက်ခံကြပြီး ခေတ်သစ် တရုတ်-အာဖရိက နယ်ပယ်အသီးသီးရှိ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအကျိုးရလဒ်များအပေါ် အလွန်ချီးကျူးကာ မျှော်လင့်စောင့်စားမှု အပြည့်ရှိနေကြပါတယ်။