ရှီကျင့်ဖိန်သည် ၂၀၂၄ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ထိပ်သီးအစည်းအဝေးသို့တက်ရောက်လာကြသော နိုင်ငံခြား ခေါင်းဆောင်များနှင့်အတူ လှုပ်ရှားမှုများ ပြုလုပ်

(GMT+08:00)2024-09-02 16:27:18  

၂၀၂၄ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ဘေကျင်းမြို့၌ ကျင်းပမည်ဖြစ်သည်။ တရုတ်နှင့် အာဖရိက ခေါင်းဆောင်များသည် "ခေတ်မီတိုးတက်ရေးကို လက်တွဲ တွန်းအားပေးပြီး အဆင့်မြင့် တရုတ်-အာဖရိက ကံကြမ္မာ အသိုက်အဝန်းကို ပူးပေါင်း တည်ဆောက်ခြင်း" ဟူသော ဆောင်ပုဒ်ဖြင့် ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အနာဂတ်ရေးကို ဆွေးနွေးသွားကြမည်ဖြစ်သည်။ ယင်းသည် ၂၀၀၆ ခုနှစ် ဘေကျင်း ထိပ်သီးအစည်းအဝေး၊ ၂၀၁၅ခုနှစ် Johannesburg ထိပ်သီးအစည်းအဝေးနှင့် ၂၀၁၈ခုနှစ် ဘေကျင်း ထိပ်သီးအစည်းအဝေးများအပြီး တရုတ်-အာဖရိက ချစ်ကြည်ရင်းနှီးသော မိသားစုကြီး၏ နောက်ထပ် ကြီးကျယ်ခမ်းနားစွာ ပြန်လည်ဆုံစည်းမှု ဖြစ်ပြီး ယခုနှစ်များအတွင်း တရုတ်နိုင်ငံမှ ဦးစီးကျင်းပသည့် အကြီးကျယ်ဆုံးသော၊ နိုင်ငံခြား ခေါင်းဆောင် အများဆုံးသော သံတမန်ဆက်ဆံရေး အခမ်းအနားကြီးလည်း ဖြစ်ကြောင်း သတင်းအရ သိရပါသည်။