ဆိုးရွားသောရာသီဥတုကြောင့် သမ္မတဟောင်း၏လေယာဉ် ပျက်ကျမှုကို ဖြစ်စေသည်ဟု အီရန်တပ်မတော်မှစစ်ဆေးရေးအစီရင်ခံစာတွင် ဖော်ပြ

(GMT+08:00)2024-09-02 16:32:24  

အီရန်လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးဌာနချုပ်သည် စက်တင်ဘာလ ၁ရက်နေ့က သမ္မတဟောင်းRaisiနှင့် ၎င်း၏လိုက်ပါဝန်ထမ်းများ လေယာဉ်ပျက်ကျမှုဆိုင်ရာ နောက်ဆုံး စစ်ဆေးရေးအစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ၊ အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှု၏ အဓိက အကြောင်းရင်းမှာ မြူများထူထပ်မှုစသော ဆိုးရွားသောရာသီဥတုအခြေအနေကြောင့် ဖြစ်ကြောင်း၊ တမင်သက်သက်အဖျက်အမှောင့် မတွေ့ရှိကြောင်း အတည်ပြုခဲ့ပါသည်။

အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံ သတင်းဌာနမှ ၁ရက်နေ့ ထုတ်ပြန်ချက်အရ အဆိုပါ နောက်ဆုံး အစီရင်ခံစာသည် ယခင်က စုံစမ်းစစ်ဆေးရေးရလဒ်ကို အတည်ပြုခဲ့ကြောင်း၊ လေယာဉ်ပျက်ကျမှုဖြစ်ပွားရာတွင် အီရန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသ၌ မြူများ ထူထပ်မှု အပါအဝင် ဆိုးရွားသော ရာသီဥတုအခြေအနေများကြောင့် ရဟတ်ယာဉ်ပျက်ကျမှုကို ဖြစ်စေခဲ့ကြောင်း သတင်းရရှိပါသည်။