၂၀၂၄ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ထိပ်သီးအစည်းအဝေး မီဒီယာစင်တာသည် ယခုလ ၂ရက်နေ့ကစ၍ လည်ပတ်ကြောင်း၊ ပြည်တွင်းပြည်ပ သတင်းထောက်များအတွက် အသံလွှင့်နှင့် ရုပ်မြင်သံကြားအချက်အလက်များ၊ တရားဝင်ဓာတ်ပုံများ၊ အစည်းအဝေးသတင်းများ စသော ဝန်ဆောင်မှုများကို ပေးမည် ဖြစ်ကြောင်း၊ မီဒီယာစင်တာသည် သက်ဆိုင်ရာဌာနများနှင့် ဒေသခံတာဝန်ရှိသူများကို ဖိတ်ခေါ်ပြီး သတင်းစာရှင်းလင်းပွဲများ ကျင်းပ၍ ထိပ်သီးအစည်းအဝေး၏ အခြေအနေများကို မိတ်ဆက်ပေးမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ဒီတစ်ကြိမ်အစည်းအဝေးသည် ပြည်တွင်းပြည်ပ သတင်းထောက် ၃၀၀၀ကျော်ကို ဆွဲဆောင်ပြီး တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်များတွင် စံချိန်သစ်တင်ကြောင်း သတင်းအရ သိရပါသည်။
၂၀၂၄ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ထိပ်သီးအစည်းအဝေး မီဒီယာစင်တာ စတင်လည်ပတ်
(GMT+08:00)2024-09-02 16:28:44