ရိုးသားစစ်မှန်သော တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးအယူအဆကို အာဖရိကတိုက်မှ ဖြေဆိုသူများက ချီးကျူးစကားဆိုကြခြင်း

(GMT+08:00)2024-09-02 16:37:35  

တစ်ခုက အကြီးမားဆုံး ဖွံ့ဖြိုးဆဲနိုင်ငံကြီးတစ်ခုဖြစ်ပြီး တစ်ခုက ဖွံ့ဖြိုးဆဲနိုင်ငံအများဆုံး စုစည်းထား သော ကုန်းမြေကြီးတစ်ခုဖြစ်ပါတယ်။ အလားတူသော သမိုင်းအတွေ့အကြုံနဲ့အတူတကွဖွံ့ဖြိုးတိုးတက် လိုသော တောင်းဆိုချက်များကြောင့် တရုတ်နိုင်ငံဟာ အာဖရိကတိုက်နိုင်ငံများနဲ့ အေးအတူပူအမျှ မျှဝေခံစား နိုင်သော မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းနဲ့သူငယ်ချင်းကောင်းများ ဖြစ်ခဲ့ကြပါတယ်။ China Media Group CGTN မှ တရုတ်ပြည်သူ့တက္ကသိုလ်နဲ့ပူးပေါင်းပြီး ခေတ်သစ် နိုင်ငံတကာဆက်သွယ်ရေးသုတေသနဌာနမှတစ်ဆင့် အာဖရိကတိုက်ရှိ ဖြေဆိုသူများထံ ပြုလုပ်ခဲ့သော စစ်တမ်းကောက်ယူမှုရလဒ်အရ ၉၀.၄ ရာခိုင်နှုန်းသော ဖြေဆိုသူများက တရုတ်-အာဖရိကပူးပေါင်း ဆောင်ရွက်မှုရဲ့လက်တွေ့လုပ်ဆောင်မှုနဲ့အတွေးအမြင်များဟာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နိုင်ငံတကာ ရေးရာ ပူးပေါင်းဆောင်ရွက်မှုများမှာ စံနမူနာပြထားနိုင်ခဲ့သလို ကမ္ဘာ့စီမံအုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲ ရေးအတွက်လည်း အရေးပါသော အစီအစဉ်များ ပံ့ပိုးပေးခဲ့တယ်လို့ ယူဆကြပါတယ်။