တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ထိပ်သီးအစည်းအဝေး တက်ရောက်ရန် အာဖရိက နိုင်ငံများမှ ခေါင်းဆောင်တို့ ဘေကျင်းသို့ ရောက်ရှိ

(GMT+08:00)2024-09-02 16:28:05  

    ၂၀၂၄ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ဘေကျင်းမြို့တွင် ကျင်းပမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၁ ရက်နေ့ညပိုင်းမှ ၂ ရက်နေ့နံနက်အထိ အီကွေတိုရီယယ်ဂီနီ၊ ဆေရှဲ၊ ကွန်ဂို(DRC)၊ ဂျီဘူတီ၊ တောင်အာဖရိက၊ လီဆိုသို စသည့် နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များနှင့် အစိုးရ အကြီးအကဲများ ဘေကျင်းမြို့သို့ ရောက်ရှိကြလာပြီး ယခုအကြိမ် ထိပ်သီး အစည်းအဝေးကို တက်ရောက်မည်ဖြစ်ပါသည်။