၂၀၂၄ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ထိပ်သီး အစည်းအဝေး ကျင်းပတော့မည့် အခါသမယတွင် China Media Groupမှ ဦးစီးကျင်းပသည့် ယဉ်ကျေးမှု ဆင်ဖိုနီ၊ ဒီဂျစ်တယ်နည်းပညာဖြင့် အိပ်မက်တည်ဆောက်ခြင်း၊ "အာဖရိကမိတ်ဖက်များ" မီဒီယာပွဲကို ဩဂုတ်လ ၃၁ရက်နေ့က ဘေကျင်း၌ ကျင်းပခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Shen Haixiongက China Media Groupသည် နိုင်ငံတကာ အဓိက မီဒီယာ အဖြစ် တက်ကြွစွာ တာဝန် ထမ်းဆောင်ပြီး တရုတ်-အာဖရိက လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး အတွက် ပေါင်းကူးတံတား တည်ဆောက်ကာ တရုတ် အကြောင်းများ၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး အကြောင်းများနှင့် လူသား ကံကြမ္မာ အသိုက်အဝန်း အကြောင်းများကို ကောင်းမွန်စွာ မိတ်ဆက်ပေးရန် အတွက် အရေးကြီးသည့်၊ ထူးခြားသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း ပြောကြားပါသည်။