စုစုပေါင်းခရီးသည် ၈၈၇ သန်းကို ပို့ဆောင်နိုင်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ် နွေရာသီကာလ ရထား ပို့ဆောင်မှု အောင်မြင်စွာ ပြီးဆုံး

(GMT+08:00)2024-09-01 13:08:35  

   ဩဂုတ်လ ၃၁ ရက်နေ့က ၆၂ ရက်ကြာသည့် နွေရာသီကာလ ရထားပို့ဆောင်မှုသည် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ ဇူလိုင်လ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ တရုတ် တစ်ပြည်လုံး၏ မီးရထားများသည် ခရီးသည် စုစုပေါင်း ၈၈၇ သန်းကို သယ်ယူပို့ဆောင်ခဲ့ပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၆.၇ ရာခိုင်နှုန်းတိုးလာ ကာ နွေရာသီကာလ ရထားပို့ဆောင်မှုသမိုင်းတွင် စံချိန်သစ်တင်နိုင်ခဲ့ပါသည်။ တစ်ပြည်လုံးမီးရထားလမ်းများသည် စုစုပေါင်းကုန်စည် တန်ချိန် သန်း ၆၇၀ တင်ပို့ခဲ့ပြီး ရထားပို့ဆောင်မှုသည် လုံခြုံတည်ငြိမ်ပြီး စနစ်တကျလည်ပတ်နိုင်ခဲ့သည်ဟု သတင်းအရ သိရပါသည်။