အေဒင်ပင်လယ်ကွေ့အနီးတွင် ကုန်တင်သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့သည်ဟု ဟူသီ လက်နက်ကိုင် ဆို

(GMT+08:00)2024-09-01 13:10:34  

ယီမင်နိုင်ငံတောင်ပိုင်း အေဒင်ပင်လယ်ကွေ့ အနီးတွင် ကုန်တင်သင်္ဘော "GROTON" ကို တိုက်ခိုက်ခဲ့ပြီး ပစ်မှတ် တိကျစွာ ထိမှန်ခဲ့ကြောင်း၊ ယင်းသင်္ဘောသည် ဟူသီအဖွဲ့တို့၏ သွားလာခွင့် ပိတ်ပင်ရေးစည်းမျဉ်းများကို ချိုးဖောက်ခြင်းကြောင့် ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Yahya Saraya က ဒေသစံတော်ချိန် ဩဂုတ်လ ၃၁ ရက်နေ့ ညက ပြောပါသည်။ ပါလက်စတိုင်း၌ ရန်လိုမှုများ ရပ်တန့်ကာ ဂါဇာကမ်းမြှောင်ကို ပိတ်ဆို့ထားမှု ရုပ်သိမ်းသည်အထိ အစ္စရေးနှင့် သက်ဆိုင်သည့် သင်္ဘောများကို တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း Saraya က ထပ်မံ အလေးအနက် ပြောကြားခဲ့ပါသည်။