ကုလသမဂ္ဂ ဆိုင်ရာ တရုတ် အမြဲတမ်း ဒုကိုယ်စားလှယ် ကင်ရွှမ်မှ ဩဂုတ်လ ၃၀ရက်နေ့က လုံခြုံရေး ကောင်စီတွင် ယူကရိန်းအား လက်နက် ထောက်ပံ့ရေး ပြဿနာကို စိစစ်ရာ၌ နိုင်ငံတကာ အသိုင်းအဝိုင်း၏ လောလောဆယ် လုပ်ဆောင်ရမည့် ကိစ္စမှာ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်ဆောင်ရန် ဖြစ်ကြောင်း၊ အမေရိကန် အနေနှင့် စစ်ပွဲကို စိတ်ရင်းမှန်ဖြင့် အဆုံးသတ်စေလိုပါက အပြစ်လွှဲချခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖန်တီးခြင်းကို မပြုသင့်ဘဲ တရုတ် နိုင်ငံ အပါအဝင် သက်ဆိုင်ရာ နိုင်ငံများနှင့် လက်တွဲကြိုးပမ်းသင့်ကြောင်း အလေးထား ပြောကြားခဲ့သည်။
အမေရိကန်ဘက်မှ အပြစ်လွှဲချခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖန်တီးခြင်း မပြုပါရန် တည်ကြည်လေးနက်စွာ သတိပေး ပြောကြားလိုသည်ဟု တရုတ် ကိုယ်စားလှယ်ဆို
(GMT+08:00)2024-09-01 15:15:45