တရုတ် နိုင်ငံသည် စီးပွားရေး တည်ငြိမ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေး အတွက် ဆောင်ရွက်ချက်များစွာကို ကျင့်သုံးနေကြောင်း၊ ယင်းဆောင်ရွက်ချက်များတွင် အရပ်ဖက်မှ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရန် အင်တိုက်အားတိုက် အားပေးထောက်ခံခြင်း၊ လယ်သမားများကို အကျိုးရရှိစေရေးနှင့် ကူညီပံ့ပိုးရေး၊ ဥာဏ်ရည်တု လုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရေး၊ တံခါးဖွင့်မှု ကျင့်သုံးရေး၊ စက်မှုလုပ်ငန်း အသွင်ပုံစံ ကူးပြောင်းရေး၊ ကုန်စည် ပို့ဆောင်မှု ဖွံ့ဖြိုးတိုးတက်စေရေး စသည်များ ပါဝင်ကြောင်း၊ ယင်းဆောင်ရွက်ချက်များ၏ အကျိုးဖြစ်ထွန်းမှုများသည် ဆက်တိုက် ပေါ်လွင်နေကြောင်း၊ တစ်ချိန်တည်းတွင် တရုတ် နိုင်ငံသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့် စီးပွားရေး စသည့် နယ်ပယ်များတွင် ဆန်းသစ်တီထွင်မှု ဆောင်ရွက်ခြင်းနှင့် စမတ်သိပွံနည်းပညာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်း ဦးတည်ချက်သို့ ချီတက်ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုသစ်များ ပေါ်လွင်စေရန် အတူတကွ တွန်းအားပေးနေကြောင်း www.cctv.comမှ သတင်းအရ သိရသည်။