တရုတ်-အာဖရိက စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ထပ်မံ အဆင့်တိုးမြှင့်

(GMT+08:00)2024-08-31 12:20:02  

    ကုန်သွယ်မှု တိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုဖြင့် တွန်းအားပေးရေး၊ ဆင်းရဲမှု လျှော့ချရေး၊ တောင်သူ လယ်သမားများအား အကျိုး ရရှိစေရေး စသည့် လုပ်ငန်း အစီအစဉ်များ၏ တွန်းအားပေးမှုဖြင့် တရုတ်-အာဖရိက စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ တရုတ် နိုင်ငံသည် အာဖရိက၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ အဆင့်နေရာတွင် ၁၅နှစ် ဆက်တိုက် တည်ရှိနေကြောင်း၊ ၂၀၂၄ခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် အာဖရိကမှ တရုတ်ပြည်သို့ သွင်းကုန် ပမာဏမှာ အမေရိကန် ဒေါ်လာ ၆၀.၁ဘီလီယံ ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၄ရာခိုင်နှုန်း တိုးလာ ကြောင်း၊ မကြာခင် နှစ်များတွင် တရုတ်ပြည်မှ အာဖရိကတွင် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် တိုးပွားသည့် အရှိန်ကို ထိန်းသိမ်းထားကြောင်း တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ သတင်းအရ သိရပါသည်။