တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်က ပါတီစည်းကမ်း သင်ယူလေ့လာရေး လုပ်ငန်းတွင် အပြုသဘောဆောင်သော အောင်မြင်မှု များ ရရှိခဲ့ကြောင်း၊ ပါတီစည်းကမ်း သင်ယူလေ့လာရေး အောင်မြင်မှုများကို ခိုင်မာနက်ရှိုင်းစေပြီး ပုံမှန် လုပ်ငန်းများနှင့် ပေါင်းစပ်ကာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက် ရေး အတွက် အားကောင်းသော တွန်းအား အဖြစ် ပြောင်းလဲစေရန် ဆက်တိုက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း မကြာခင်က အလေးထား ညွှန်ကြား ခဲ့သည်။
တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ပါတီ တည်ဆောက်ရေး လုပ်ငန်း ဦးဆောင်သူများ အဖွဲ့သည် ဩဂုတ်လ ၃၀ရက်နေ့က အစည်းအဝေး ကျင်းပရာ ရှီကျင့်ဖိန်၏ အရေးကြီး ညွှန်ကြားချက်ကို တစ်ဆင့် ပြောပြကာ “ပါတီစည်းကမ်း သင်ယူလေ့လာရေးကို ပုံမှန် လုပ်ငန်း ဖြစ်စေရန်နှင့် ရေရှည် အကျိုးဖြစ်ထွန်းမှု ရှိစေရန် တွန်းအားပေးရေး ဆိုင်ရာ သဘောထားမှတ်ချက်”ကို စိစစ်၍ ပါတီစည်းကမ်း သင်ယူလေ့လာရေး လုပ်ငန်းကို ပေါင်းရုံး သုံးသပ်ခဲ့ကြ သည်။