တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ထိပ်သီး အစည်းအဝေးကို အခွင့်အလမ်း အဖြစ်ရယူပြီး “ကမ္ဘာ့တောင်ဘက်ခြမ်းအင်အားများ” စုစည်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2024-08-31 12:21:37  

 ယခုလ ၃၀ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။ လင်ကျန့်က နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု နှင့် သာယာဝပြောမှု မြှင့်တင်ရန်တို့သည် တရုတ်နှင့် အာဖရိကနိုင်ငံများ၏ ဘုံ  ခံယူချက်နှင့် ကြိုးပမ်းမှုများ ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ တရုတ်နှင့် အာဖရိကတို့သည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ တရားမျှတမှန်ကန်သည့် အခွင့်အရေးနှင့် အကျိုးစီးပွားများ၊ ကုလသမဂ္ဂပဋိညာဉ်စာချုပ်ပါ ရည်ရွယ်ချက်များနှင့် ဘက်ပေါင်းစုံဝါဒ၊ နိုင်ငံတကာတရားမျှတမှုကို အကာအကွယ်ပေးသော ကျောရိုးမဏ္ဍိုင် ဖြစ်ကြကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ထိပ်သီး အစည်းအဝေးကို အခွင့်အလမ်း အဖြစ် ရယူ၍  ဖွံ့ဖြိုးဆဲနိုင်ငံများ စည်းလုံးညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်သော "ကမ္ဘာ့တောင်ဘက်ခြမ်း အင်အားများ" ကို စုစည်းကာ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ပူးတွဲမြှင့်တင်ကြမည်ဖြစ်ကြောင်း လင်ကျန့်က အလေးထား ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။