သဘာဝအရင်းအမြစ်ဝန်ကြီးဌာနမှ တောင်တရုတ်ပင်လယ်ဖွံ့ဖြိုးတိုးတက်ရေး သုတေသန အကယ်ဒမီ နှင့်အခြား သက်ဆိုင်ရာ လုပ်ငန်းဌာနတို့ ပူးတွဲထုတ်လုပ်ထားသည့် " Sabina Shoal ဂေဟစနစ်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ" ကို သြဂုတ်လ ၃၀ ရက်နေ့က ဘေကျင်း၌ ထုတ်ပြန်ခဲ့ပါသည်။ ယင်း စုံစမ်း စစ်ဆေးရေး အစီရင်ခံစာကို အခြေခံ၍ CMG Nanhai Voice မှ ပထမဆုံး Sabina Shoal ဂေဟစနစ် စုံစမ်းစစ်ဆေးရေးဆိုင်ရာ မှတ်တမ်းတင် ရုပ်ရှင်ကား “Sabina Shoal စာကားပြောနိုင်ရင်” ကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းမှတ်တမ်းတင်ရုပ်ရှင်ကား က Sabina Shoal ၏ သဘာဝဂေဟစနစ်ကို မြတ်နိုးပြီး လူသားများနှင့် သဘာဝပတ်ဝန်းကျင်အကြား အတူယှဉ်တွဲ နေထိုင်သည့် အခြေအနေကို ထန်းသိမ်းထားရန်၊ Sabina Shoal၏ သဘာဝ ပတ်ဝန်းကျင်ကို မဖျက်ဆီးရန် လူများအား တိုက်တွန်းပြီး ယင်းသည် တောင်ပင်လယ် ဒေသ အခြားနိုင်ငံများ ၏ ဘုံမျှော်လင့်ချက်လည်းဖြစ်သည်ဟု ဖော်ပြကြောင်း သတင်းရရှိပါသည်။
CMG Nanhai Voice မှ ပထမဆုံး Sabina Shoal ဂေဟစနစ် စုံစမ်းစစ်ဆေးရေးဆိုင်ရာ မှတ်တမ်းတင် ရုပ်ရှင်ကား “Sabina Shoal စာကားပြောနိုင်ရင်” ထုတ်ပြန်
(GMT+08:00)2024-08-31 12:21:01