ဩဂုတ်လ ၃၁ ရက်နေ့က ယဉ်ကျေးမှု ဆင်ဖိုနီ၊ ဒစ်ဂျစ်တယ်နည်းပညာ ဖြင့် အိပ်မက်တည်ဆောက်ခြင်း၊ "အာဖရိကမိတ်ဖက်များ" မီဒီယာပွဲကို ဘေကျင်း၌ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ပြန်ကြားရေးဝန်ကြီ Li Shulei သည် ဗီဒီယိုဖြင့် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မိန့်ခွန်း ပြောကြားခဲ့သည့်အပြင် ယူဂန်ဒါ သမ္မတနိုင်ငံ သမ္မတ Museveni ၊ ဗဟိုအာဖရိက သမ္မတနိုင်ငံ သမ္မတ Touadera နှင့် ဆေးရှဲလ် သမ္မတနိုင်ငံ သမ္မတ Ramkarawang တို့သည်လည်း ဗီဒီယိုမှတစ်ဆင့် တရုတ်နှင့် အာဖရိက မီဒီယာများ အကြား ကူးလူးဖလှယ်မှုကို အားကောင်းစေပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ပိုမို နက်ရှိုင်းစွာ လုပ်ဆောင်ရန် ဆန္ဒကို ဖော်ပြထားသည်။ ဤပွဲကို China Media Groupမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး တရုတ်နှင့် အာဖရိက မီဒီယာများ အကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမို နက်ရှိုင်းစွာ လုပ်ဆောင်ရန်နှင့် ဒစ်ဂျစ်တယ်ခေတ်တွင် ယဉ်ကျေးမှုများအကြား အပြန်အလှန် ကူးလူးဖလှယ်မှုနှင့် အပြန်အလှန်သင်ယူမှုများကို မြှင့်တင်ရန်အတွက် ရည်မှန်းထားသည်။ တရုတ်နိုင်ငံ နှင့် အာဖရိကနိုင်ငံ ၂၀ ကျော် မှ နိုင်ငံတကာ အဖွဲ့အစည်းများ၊ မီဒီယာများ၊ တတ်သိပညာရှင်များအဖွဲ့တို့ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ် ၂၀၀ ကျော် တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းအရ သိရှိရသည်။
"အာဖရိကမိတ်ဖက်များ" မီဒီယာပွဲကို ဘေကျင်း၌ ကျင်းပပြီး Li Shulei ဗီဒီယိုဖြင့် မိန့်ခွန်း ပြောကြား
(GMT+08:00)2024-08-31 14:52:46