စက်တင်ဘာလ ၁ရက်နေ့တွင် ထုတ်ပြန်မည့် အမှတ်စဉ်(၁၇) Qiushi ဂျာနယ်၌ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်၏ “အကျင့်စာရိတ္တ၊ အသိဉာဏ်၊ ကာယ၊ အနုပညာ၏ အလှအပ အဘိဓမ္မာနှင့် ကာယအလုပ် နယ်ပယ်များတွင် ဘက်စုံ ဖွံ့ဖြိုးတိုးတက်သော ဆိုရှယ်လစ် တည်ဆောက်သူနှင့် တာဝန်လွှဲယူသူများကို ပြုစုပျိုးထောင်ရန်” အရေးကြီး ဆောင်းပါးကို ထုတ်ပြန်မည် ဖြစ်သည်။
ယင်းဆောင်းပါးတွင် မည်သည့် လူရည်ချွန်မျိုးကို ပြုစုပျိုးထောင်ရမည်နည်း ဆိုသည်မှာ ပညာရေး၏ အရေးအကြီးဆုံး ပြဿနာ ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် တရုတ် ကွန်မြူနစ် ပါတီ ဦးဆောင်သော ဆိုရှယ်လစ် နိုင်ငံ ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ ပညာရေးသည် ဆိုရှယ်လစ် တည်ဆောက်သူနှင့် တာဝန်လွှဲယူသူများ ပြုစုပျိုးထောင်ခြင်းကို အရင်းခံ လုပ်ငန်းတာဝန် အဖြစ် သတ်မှတ်ထားရမည် ဖြစ်ကြောင်း၊ ယင်းသည် ပညာရေး လုပ်ငန်း၏ အရင်းခံ လုပ်ငန်းတာဝန် ဖြစ်ပြီး ပညာရေး ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှု၏ လားရာနှင့် ရည်မှန်းချက်လည်း ဖြစ်ကြောင်း အလေးထား ရေးသားဖော်ပြထားပါသည်။