ဘေကျင်းစံတော်ချိန် ယခုလ ၂၆ ရက်နေ့က ပြင်သစ် အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ David Lappartient သည် China Media Group ဥက္ကဋ္ဌ ထံသို့ သဝဏ်လွှာပေးပို့ပြီး ၂၀၂၄ ခုနှစ် ပါရီအိုလံပစ်ပွဲတော်တွင် တရုတ်အားကစားမောင်မယ်များမှ ရရှိခဲ့သော ထူးချွန်သော အောင်မြင်မှုများကို တန်ဖိုးထားချီးကျူးပြီး၊ ပါရီအိုလံပစ်ပွဲတော် အတောအတွင်း China Media Group မှ ထပ်ဆင့်ထုတ်လွှင့်ခြင်းနှင့် သတင်းထုတ်ပြန်ခြင်း လုပ်ငန်းများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် ခြင်းအပေါ် နှစ်နှစ်ကာကာကျေးဇူးတင်ရှိပါကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရ သိရပါသည်။
ပြင်သစ်အိုလံပစ်ကော်မတီဥက္ကဋ္ဌ Lappartient မှ CMG ဥက္ကဋ္ဌ ထံသို့ သဝဏ်လွှာပေးပို့ပြီး ပါရီအိုလံပစ်ပွဲတော်အား အခိုင်အမာ ထောက်ခံအားပေးမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြ
(GMT+08:00)2024-08-31 12:22:13