အမေရိကန် သမ္မတ၏ အမျိုးသား လုံးခြုံရေး အကြံပေး Jake Sullivan၏ တရုတ်ပြည် ခရီးစဉ်နှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

(GMT+08:00)2024-08-30 11:49:29  

ယခုလ ၂၉ရက်နေ့ညက တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန မြောက်အမေရိကတိုက်နှင့် အိုရှင်းနီးယားတိုက်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Yangtaoသည် အမေရိကန် သမ္မတ၏ အမျိုးသား လုံးခြုံရေး အကြံပေး ဖြစ်သူ Jake Sullivan၏ တရုတ်ပြည် ခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့သည်။

Yangtaoက တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ယခုလ ၂၉ရက်နေ့ ညနေပိုင်းက Jake Sullivanနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် သမ္မတ ရှီကျင့်ဖိန်က ပထမ အချက်အနေဖြင့် တရုတ်နှင့် အမေရိကန် နိုင်ငံကြီး နှစ်နိုင်ငံ အကြား ပေါင်းသင်း ဆက်ဆံရာ၌ အဓိက အကျဆုံး အချက်မှာ မှန်ကန်သည့် မဟာဗျူဟာ မြောက် သိရှိနားလည်မှု ကို ထူထောင်ရန် ဖြစ်သည်၊ ဒုတိယ အချက် ကတော့ နိုင်ငံကြီး နှစ်နိုင်ငံ ဖြစ်ကြသည့် တရုတ်နှင့် အမေရိကန်တို့သည် သမိုင်း၊ ပြည်သူနှင့် ကမ္ဘာ အပေါ် တာဝန်ယူပြီး ကမ္ဘာ ငြိမ်းချမ်းရေးကို အာမခံပေးနိုင်သည့် အရင်းအမြစ်နှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှု အတွက် တွန်းအားပေးမှု ဖြစ်သင့်သည်၊ တတိယ အချက်က တရုတ် နိုင်ငံ၏ တရုတ်-အမေရိကန် ဆက်ဆံမှု စဉ်ဆက်မပြတ် တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေရန်  ရည်မှန်းချက်သည် ပြောင်းလဲခြင်း မရှိပါ၊ ယင်းရည်မှန်းချက် အတွက် အားထုတ်ကြိုးပမ်းမည် ဖြစ်သည်၊ အမေရိကန် အနေနှင့် အပြုသဘောဆောင်သော၊ ဆင်ခြင်မှု ရှိသော သဘောထားဖြင့် တရုတ် နိုင်ငံနှင့် တရုတ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ရှုမြင်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှု ရှိသော၊ အတူတကွ ဖွံ့ဖြိုးတိုးတက်နိုင်ကြသော မှန်ကန်သည့် ပေါင်းသင်းဆက်ဆံရေး လမ်းကြောင်းကို ရှာဖွေရရှိရန် မျှော်လင့်သည်ဟု ပြောကြားကြောင်း၊ ယင်းအချက် များသည် တရုတ်-အမေရိကန် ဆက်ဆံမှု အပေါ် မဟာဗျူဟာမြောက်၊ အလုံးစုံနှင့် လားရာကို သတ်မှတ်ပေး နိုင်သော လမ်းညွှန်ချက်များ ဖြစ်ပြီး တရုတ်-အမေရိကန် ဆက်ဆံမှုနှင့် ပတ်သက်၍ တရုတ် ဘက်မှ သြဇာအာဏာ အရှိဆုံး ရှင်းလင်းပြောကြားချက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။