ရှီကျင့်ဖိန်သည် အာဖရိကနိုင်ငံများမှ ပညာရှင်များအား အကြောင်းပြန်စာ ပေးပို့

(GMT+08:00)2024-08-30 18:21:01  

  သြဂုတ်လ ၂၇ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အာဖရိက နိုင်ငံ ၅၀ မှ ပညာရှင်များအား အကြောင်းပြန်စာ တစ်စောင် ပေးပို့ပြီး ၎င်းတို့အား အရည်အချင်း မြင့်မား သော တရုတ်-အာဖရိက ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးနှင့် ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံများ၏ ဘုံအကျိုးစီးပွားများ ထိန်းသိမ်းကာကွယ်ရေးအတွက် ဉာဏ်ပညာ များဖြင့် ဆက်လက် ထောက်ခံပေးရန် အားပေးခဲ့သည်။

  ရှီကျင့်ဖိန်၏ စာထဲတွင် တရုတ်နှင့် အာဖရိကတို့သည် အစဉ်တစိုက် ကံကြမ္မာတူ အသိုက် အဝန်းဖြစ်ပြီး ရှုပ်ထွေးပွေလီ ဖြစ်နေသော နိုင်ငံတကာ အခြေအနေကို ရင်ဆိုင် ရာတွင် တရုတ်နှင့် အာဖရိကတို့သည် ယခင်ကမည်သည့်အချိန်တုန်းကထက် မဆို စည်းလုံး ညီညွတ် မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားဖြည့်ရမည် ဖြစ်ကြောင်း၊ ခင်ဗျားတို့သည် တရုတ်နှင့် အာဖရိက Dar es Salaam သဘောတူညီချက် အခြေခံပေါ်တွင် ကမ္ဘာ့ တောင်ဘက် ခြမ်း နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း၊ တရုတ်-အာဖရိကနှင့် တောင် ဘက်ခြမ်း နိုင်ငံ များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လေ့လာ စူးစမ်းရေးကို အားဖြည့် ဆောင်ရွက်ရန် မျှော်လင့် ကြောင်း ရေးသားဖော်ပြခဲ့ပါသည်။

   မကြာမီက တောင်အာဖရိက ဝါရင့် သံတမန်အရာရှိဟောင်း၊ တရုတ် ကျက်ကျန်း ပြည်နယ် ဆရာအတတ်သင် တက္ကသိုလ် အာဖရိက သုတေသနဌာနမှ ဂုဏ်ထူး ဆောင် ပါမောက္ခ ဂရော် ဘလာသည် အာဖရိကနိုင်ငံ ၅၀ နိုင်ငံမှ ပညာရှင် ၆၃ ဦးနှင့်အတူ သမ္မတ ရှီကျင့်ဖိန်အား ပူးတွဲ စာတစ်စောင်ကို ရေးသားပေးပို့ခဲ့သည်ဟု သတင်းရရှိပါသည်။