တရုတ်စွမ်းအင် အစိမ်းရောင် အသွင်ကူးပြောင်းခြင်းသည် ကမ္ဘာကြီးအတွက် ဤအရာများကို ဆောင်ကြဉ်းပေးလာ

(GMT+08:00)2024-08-30 14:41:24  

   သြဂုတ်လ ၂၉ ရက်နေ့တွင် တရုတ်အစိုးရက တရုတ်နိုင်ငံ၏ စွမ်းအင် အသွင် ကူးပြောင်းရေး စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့သည်။ စက္ကူဖြူစာတမ်းတွင် ဒေတာ အချက်အလက်နှင့် လက်တွေ့ဖြစ်ရပ် အများအပြားဖြင့် လွန်ခဲ့သည့် ၁၀ နှစ်နီးပါးအတွင်း တရုတ်နိုင်ငံ၏ စွမ်းအင် အသွင် ကူးပြောင်းရေးဆိုင်ရာ အောင်မြင်မှု ရလဒ်များနှင့် နိုင်ငံတကာ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ အရေးကြီးသည့် အကျိုးပြု စွမ်းဆောင်မှုများကို ဖော်ပြထားပါသည်။

   တရုတ်စွမ်းအင် အစိမ်းရောင် အသွင်ကူးပြောင်းရေး အဆက်မပြတ် တိုးတက် လာခြင်း သည် နိုင်ငံတကာ သက်ဆိုင်ရာ ကုန်စည်များ ထောက်ပံ့မှုကို အားဖြည့် ပေးပြီး နိုင်ငံတကာ စွမ်းအင် အသွင် ကူးပြောင်းရေး၏ ကုန်ကျစရိတ်များကို လျော့နည်း စေသည့်အပြင် နိုင်ငံတကာ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ဖြေရှင်းရေး အတွက်လည်း အရေးကြီးသည့် အကျိုးပြု စွမ်းဆောင်မှုများကို ဆောင်ကြဉ်းပေးလာပါသည်။

   လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်မှာ အကြီးဆုံးသော စဉ်ဆက်မပြတ် အသုံးပြုနိုင်သော စွမ်းအင်များဆိုင်ရာ ဈေးကွက်နှင့် အဆောက်အအုံ ဆောက်လုပ်ရေး နိုင်ငံ ဖြစ်ပါသည်။ သက်ဆိုင်ရာ စာရင်းအရ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တစ်ကမ္ဘာလုံး၌ ကျောက်ဖြစ်ရုပ်ကြွင်း မဟုတ်သော စွမ်းအင်များ သုံးစွဲမှုပမာဏ အချိုးအစားသည် ၁၃.၆ ရာခိုင်နှုန်းမှနေ ၁၈.၅ ရာခိုင်နှုန်းအထိ တိုးများလာခဲ့ရာ ယင်းတို့အနက် တရုတ်နိုင်ငံ၏ အကျိုးပြု စွမ်းဆောင်မှုနှုန်းသည် ၄၅.၂ ရာခိုင်နှုန်း ဖြစ်ပါသည်။ ကမ္ဘာ့ အစဉ်မပြတ် အသုံးပြုနိုင်သော စွမ်းအင် အေဂျင်စီမှ အစီရင်ခံစာတွင် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တစ်ကမ္ဘာလုံး လေအားနှင့် နေရောင်ခြည် စွမ်းအင် လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းစဉ်များဖြင့် ဓာတ်အား တစ်ယူနစ်၏ ပျမ်းမျှ ကုန်ကျစရိတ်မှာ ၆၀ ရာခိုင်နှုန်းကျော်နှင့် ၈၀ ရာခိုင်နှုန်းကျော် အသီးသီး လျော့နည်းလာပြီး ယင်းတို့အနက် တရုတ်နိုင်ငံ၏ အကျိုးပြုစွမ်းဆောင်မှုနှုန်းသည် အများစုပင် ဖြစ်သည်။

   တရုတ်နိုင်ငံ၏ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်တွင် အစိမ်းရောင် စွမ်းအင် ဖွံ့ဖြိုးတိုးတက်မှုသည် အဆက်မပြတ် မြှင့်တင်သွားမှာ ဖြစ်ပြီး နိုင်ငံတကာ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင် ဖြေရှင်းရေးအတွက် တရုတ်တွန်းအားကို အဆက်မပြတ် ထည့်သွင်းသွားမည် ဖြစ်ကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။