သြဂုတ်လ ၃၀ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး ကောင်စီ မှ ပြောရေးဆိုခွင့်ရှိသူ Wang Linjie က တရုတ်နှင့် အာဆီယံ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်း ထိရောက်စွာ တိုးတက်စေရန်အတွက် တရုတ် နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး ကောင်စီသည် ဆောင်ရွက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
စာရင်းအရ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ တရုတ် နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး ကောင်စီမှ စိစစ် အတည်ပြုမှုဖြင့် ပြည်တွင်းမှ ကုန်စည်ပြပွဲဆိုင်ရာ ဌာန ၃၀ တို့သည် အာဆီယံနိုင်ငံများ၌ ကုန်စည်ပြပွဲပေါင်း ၈၁ ပွဲ ကို ပါဝင် သို့မဟုတ် ပြုလုပ်ခဲ့ကာ ပါဝင် ပြသသည့်လုပ်ငန်းဌာန ၄၀၈၃ ခု ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၁၆.၈ ရာခိုင်နှုန်း တိုးများလာကြောင်း သိရပါသည်။
ပြောရေးဆိုခွင့်ရှိသူ Wang Linjie က တရုတ် နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး ကောင်စီသည် RCEP စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် အပါအဝင် အသွင်ပုံစံမျိုးစုံဖြင့် RCEP အပါအဝင် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှုများ ဖော်ဆောင်ခြင်းကို အရည်အသွေးမြင့်မားစွာ တွန်းအားပေးပြီး တရုတ်နှင့် အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန်များတွင် ကုန်သွယ်မှု အဆင်ပြေစေရေးကို အဆက်မပြတ် မြှင့်တင်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။