သြဂုတ်လ ၂၉ ရက်နေ့ညနေပိုင်းတွင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲ၌ တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန သတင်းပြန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ စီနီယာဗိုလ်မှူးကြီး ဝူချန်းက သတင်းထုတ်ပြန်ခဲ့သည်။
၁၁ ကြိမ်မြောက် ဘေကျင်း Xiangshan ဖိုရမ်ကို စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ ဩဂုတ်လ ၂၈ ရက်နေ့အထိ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၉၀ ကျော် မှ တရားဝင် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်မည်ကို အတည်ပြုခဲ့ပြီး တက်ရောက်သူ အရေအတွက်နှင့် အဆင့်အတန်းလည်း အမြင့်ဆုံးရောက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါသည်။