တရုတ်နှင့် အမေရိကန် ဆက်ဆံရာတွင် ရှေးဦးစွာ ဤအဓိကရ မေးခွန်းကို ကောင်းအောင် ဖြေသင့်

(GMT+08:00)2024-08-30 11:48:56  

  ယခုလ ၂၉ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းမှာ အမေရိကန် သမ္မတ၏ နိုင်ငံတော်လုံခြုံရေးလက်ထောက် Sullivan နှင့် တွေ့ဆုံခဲ့သည်။ ရှီကျင့်ဖိန်က နိုင်ငံကြီး နှစ်နိုင်ငံ အဖြစ် တရုတ်နှင့် အမေရိကန် ဆက်ဆံရာမှာ ရှေးဦးစွာ တရုတ်နှင့် အမေရိကန်တို့သည် ပြိုင်ဘက် ဖြစ်သည်လား သို့မဟုတ် မိတ်ဖက် ဖြစ်သည်လား ဟူသော အဓိက မေးခွန်းကို ကောင်းအောင် ဖြေရမည် ဖြစ်ကြောင်း၊ အမေရိကန် အနေနှင့် တရုတ်နိုင်ငံနှင့် ဦးတည်ချက်တူညီစွာ ဆောင်ရွက်ပြီး ယဉ်ကျေးမှုမတူ၊ စနစ်မတူ၊ လမ်းကြောင်းမတူသော တရုတ်နှင့် အမေရိကန်နိုင်ငံတို့၏ ကမ္ဘာလုံးပေါ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရန်၊ အတူဖွံ့ဖြိုးတိုးတက်ရန် မှန်ကန်သော ယှဉ်တွဲနေထိုင်ရေး လမ်းကြောင်းကို ရှာတွေ့နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ Sullivan သည် အမေရိကန်၏ "မဟုတ် လေးခု"နှင့် "ဆန္ဒ မရှိ" တစ်ခု ကတိကဝတ်ကို ထပ်လောင်း အတည်ပြု ပြောကြားပြီး တရုတ်နိုင်ငံနှင့် မဟာဗျူဟာ ဆက်သွယ်မှုကို ဆက်လက် ထိန်းထားနိုင်ရန်၊ နှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် နှစ်နိုင်ငံ ဆက်ဆံမှု ဆက်တိုက် တိုးတက်ရေးဆိုင်ရာ နည်းလမ်းများကို ရှာတွေ့နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

  ယခုအကြိမ် တရုတ်နှင့် အမေရိကန်၏ မဟာဗျူဟာဆိုင်ရာ ကူးလူးဖလှယ်မှုမှာ တရုတ်နိုင်ငံသည် နှစ်ဦးနှစ်ဖက် မည်သို့ မှန်ကန်စွာ ယှဉ်တွဲနေထိုင်ရေးဆိုင်ရာ ခံယူ တိုက် တွန်း ချက်များကို ထပ်လောင်း ဖော်ပြခဲ့သည်။ "တရုတ်-အမေရိကန် ဆက်ဆံရေး၏ မှန်ကန်သော ဦးတည်ချက်ကို ထိန်းသိမ်းထားလိုလျှင် သော့ချက်ကတော့ ပူးတွဲ ပြန်တမ်း သုံးရပ်ကို လိုက်နာရခြင်း ဖြစ်ကြောင်း"၊ "တရုတ်နှင့် အမေရိကန်တို့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးကို ဖော်ဆောင်လိုလျှင် သော့ချက်ကတော့ မှန်ကန်သော နားလည်သိရှိမှု ထားရှိရခြင်း ဖြစ်ကြောင်း" စသည့် "သော့ချက်" ငါးရပ်ကို ဖော်ပြခဲ့သည်။ ယင်း"သော့ချက်" ငါးရပ်သည် နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးဆိုင်ရာ တရုတ်နိုင်ငံ၏ အမြော်အမြင်ရှိသည့် ဆင်ခြင် တွေးခေါ်မှုများကို ပြသထားပါသည်။

  Sullivan သည် အမေရိကန်၏ "မဟုတ် လေးခု"နှင့် "ဆန္ဒ မရှိ" တစ်ခု ကတိကဝတ်ကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအပေါ် တန်းတူရည်တူ သဘောထားမည် ဖြစ်ကြောင်း၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ ကမ္ဘာလုံးပေါ်တွင် ရေရှည် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်သွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ယင်း ဖော်ပြချက်များသည် အပြုသဘောဆောင်သော ဖော်ပြချက်တွေ ဖြစ်သည်။ သို့သော်လည်း အမေရိကန်အနေနှင့် ယင်းကတိကဝတ်များကို လက်တွေ့ကျကျ ဖော်ဆောင်သင့်သည်။ အမေရိကန်သည် တရုတ်နိုင်ငံအား ဟန့်တား ဖိနှိပ်သည့် မဟာဗျူဟာကို မပြောင်းလဲပါက နှစ်နိုင်ငံ ဆက်ဆံမှုသည် အမှန်စင်စစ် ကောင်းမွန်နိုင်မည် မဟုတ်ပေ။

  သမ္မတ ရှီကျင့်ဖိန် ပြောသလိုပင် နိုင်ငံကြီး နှစ်နိုင်ငံ အဖြစ်ဖြင့် တရုတ်နှင့် အမေရိကန်တို့သည် သမိုင်းအပေါ်၊ ပြည်သူများအပေါ်၊ ကမ္ဘာကြီးအပေါ် တာဝန်ယူပြီး ကမ္ဘာ့ငြိမ်းချမ်းရေး၏ တည်ငြိမ်ဖွယ် ရာနှင့် အတူ ဖွံ့ဖြိုးတိုးတက်ရေး၏ တွန်းအား ဖြစ်သင့်ကြောင်း China Media Groupမှ သတင်းဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။