တရုတ် နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး ကောင်စီနှင့် တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနတို့ ပူးတွဲ ဦးစီးကျင်းပသော တရုတ်-အာဖရိက လုပ်ငန်းရှင်များ ညီလာခံသည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် မူဘောင်အောက်တွင် တရုတ်နှင့် အာဖရိက စီးပွားကုန်သွယ်ရေးလောက၌ အဆင့်အမြင့်ဆုံးသော စီးပွားကုန်သွယ်ရေးဆိုင်ရာ အခမ်းအနားကြီး ဖြစ်သည်။ သြဂုတ် လ ၃၀ ရက်နေ့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး ကောင်စီ မှ ပြောရေးဆိုခွင့်ရှိသူ Wang Linjie က ၂၀၂၄ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ထိပ်သီးအစည်းအဝေးဆိုင်ရာ အရေးကြီးသော လှုပ်ရှားမှုတစ်ရပ် အနေနှင့် ၈ ကြိမ်မြောက် တရုတ်-အာဖရိက လုပ်ငန်းရှင်များ ညီလာခံကို စက်တင်ဘာလ ၆ ရက်နေ့တွင် ဘေကျင်း၌ ကျင်းပမည်ဖြစ်ပြီး ညီလာခံ၏ ဆောင်ပုဒ်မှာ "ခေတ်မီရေးကို လက်တွဲ တွန်းအားပေးပြီး အဆင့်မြင့် တရုတ်-အာဖရိက ကံကြမ္မာ အသိုက်အဝန်းကို အတူတကွ တည်ဆောက်ရေး" ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၈ ကြိမ်မြောက် တရုတ်-အာဖရိက လုပ်ငန်းရှင်များ ညီလာခံကို စက်တင်ဘာလ ၆ ရက်နေ့တွင် ဘေကျင်း၌ ကျင်းပမည်
(GMT+08:00)2024-08-30 14:04:44