သင်္ဘောအမှတ်-၉၇၀၁ ချက်ချင်း ရုပ်သိမ်းရမည် သို့မဟုတ်လျှင် နောက်ဆက်တွဲ အကျိုးဆက် များအတွက် ဖိလစ်ပိုင်သည် တာဝန်လုံးဝယူရမည် ဖြစ်သည်ဟု တရုတ်ပင်လယ် ကမ်းခြေစောင့်တပ်ဖွဲ့က ဖိလစ်ပိုင်အား သတိပေးပြောကြား

(GMT+08:00)2024-08-30 14:07:09  

တရုတ်ပင်လယ် ကမ်းခြေစောင့်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Gan Yu က သြဂုတ်လ ၂၈ ရက်နေ့တွင် ဖိလစ်ပိုင် H-145 ရဟတ်ယာဉ်တစ်စင်းသည် တရုတ်နိုင်ငံ Sabina Shoal ၌ တရားမဝင် သောင်တင်နေသော ဖိလစ်ပိုင် ပင်လယ် ကမ်းခြေစောင့်တပ်ဖွဲ့၏ သင်္ဘော အမှတ်-၉၇၀၁ ထံသို့ ထောက်ပံ့ရေးပစ္စည်းများ ချပေးခဲ့ရာ တရုတ်နိုင်ငံသည် လုပ်ငန်းစဉ် တစ်ခုလုံးကို လိုက်လံစောင့်ကြည့်ခဲ့ပြီး စည်းကမ်းများနှင့်အညီ ဖြေရှင်းခဲ့ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ အန္တရာယ်ရှိသော လုပ်ရပ်မှာ မတော်တဆမှု အလွယ်တကူ ဖြစ်စေနိုင် ကြောင်း၊ မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံသည် ပင်လယ် ကမ်းခြေစောင့် တပ်ဖွဲ့ပိုင်၏ သင်္ဘောများ၊ အစိုးရပိုင် သင်္ဘောများ၊ ငါးဖမ်းလှေများစသည်တို့ဖြင့် သင်္ဘောအမှတ်-၉၇၀၁ ထံသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ ကြောင်း၊ သင်္ဘော အမှတ်-၉၇၀၁ အနေဖြင့် ကိုယ့်ဆန္ဒအလျောက် ရုပ်သိမ်းလျှင် သက်ဆိုင်ရာ ပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်သော်လည်း ဖိလစ်ပိုင်နိုင်ငံသည် သင်္ဘော အမှတ်-၉၇၀၁မှ သင်္ဘောသားများ၏ ကျန်းမာရေးနှင့် အသက်ဘေးကင်းရေးကို အလောင်းအစားပြီး လူသားချင်းစာနာထောက်ထားရေးဝါဒကို အကြောင်းပြကာ အန္တရာယ်ရှိ သော လုပ်ရပ်များနှင့် အခွင့်အရေး ထိပါးကျူးကျော်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ကျူးကျော်ထိပါးပြီး တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်ချက် ကြေညာစာတမ်းကို ပြင်းထန်စွာချိုးဖောက်ကာ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးကို ပြင်းထန်စွာ ထိခိုက်စေကြောင်း၊ အန္တရာယ်ရှိသော လုပ်ရပ်များနှင့် ဝါဒဖြန့်ချိမှုများကို ချက်ချင်းရပ်တန့်ပြီး သင်္ဘောအမှတ်-၉၇၀၁ကို  ချက်ချင်း ရုပ်သိမ်းကာ အခြေအနေကို မှားယွင်းစွာအကဲဖြတ်ပြီး အခြေအနေ ထပ်မံ မတင်းမာစေရန် မိမိတို့အနေဖြင့် ဖိလစ်ပိုင်နိုင်ငံအား တည်ကြည်လေးနက်စွာ သတိပေးပြောကြားလိုကြောင်း၊ သို့မဟုတ်လျှင် နောက်ဆက်တွဲအကျိုးဆက်များအတွက် ဖိလစ်ပိုင်နိုင်ငံသည် တာဝန် လုံးဝ ယူရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် Sabina Shoal အပါအဝင် နန်ရှားကျွန်းစုနှင့် အနီးတစ်ဝိုက်ပင်လယ်ရပ်ဝန်းအပေါ် ငြင်းခုံ၍ မရသော အချုပ်အခြာအာဏာပိုင်ခွင့်ရှိ ကြောင်း၊ တရုတ်ပင်လယ် ကမ်းခြေစောင့် တပ်ဖွဲ့သည် အဆင် သင့် ရှိနေပြီး နိုင်ငံတော် ပိုင်နက်နယ်မြေအချုပ်အခြာအာဏာနှင့် အဏ္ဏဝါ အခွင့်အရေးကို ပြတ်ပြတ်သားသား ကာကွယ်ထိန်းသိမ်းမည် ဖြစ်ကြောင်း ပြောကြား ခဲ့ ပါသည်။