တရုတ်နိုင်ငံသည် ပထမဆုံးအကြိမ် Xianbin သန္တာ ကျောက်တန်း ဂေဟစနစ် တိုင်းတာစစ်ဆေးရေး အစီရင်ခံစာကို ထုတ်ပြန်၊ ဖိလစ်ပိုင်၏ ပြောဆိုချက်သည် သိပ္ပံပညာနှင့် အဖြစ်မှန် ဆိုင်ရာ အထောက်အထား လုံးဝ မရှိ

(GMT+08:00)2024-08-30 11:50:43  

   နှစ်ပတ်လည် လုပ်ငန်း အစီအစဉ်အရ ယခုနှစ် မေလမှ ဇူလိုင်လအထိ တရုတ် သဘာဝ အရင်းအမြစ် ဝန်ကြီးဌာနမှ တောင်ပင်လယ် ဖွံ့ဖြိုးတိုးတက်ရေး သုတေသန ဌာနနှင့် တောင်ပင်လယ် ဂေဟစနစ်စင်တာ၊ တောင်ပင်လယ် စုံစမ်းစစ်ဆေးရေးဌာန အပါအဝင် ဌာနများသည် Xianbin သန္တာ ကျောက်တန်း ဂေဟစနစ်ကို တိုင်းတာ စစ်ဆေးမှု ပြုလုပ်ပြီး သြဂုတ်လ ၃၀ ရက်နေ့တွင် ပထမဆုံးအကြိမ် အဖြစ် "Xianbin သန္တာ ကျောက်တန်း ဂေဟစနစ် တိုင်းတာစစ်ဆေးရေး အစီရင်ခံစာ" ကို ထုတ်ပြန်ခဲ့သည်။

  ယင်းအစီရင်ခံစာတွင် တရုတ်နိုင်ငံသည် "Xianbin သန္တာ ကျောက်တန်း အပါအဝင် နန်ရှားကျွန်းစုနှင့် ကပ်လျက် ပင်လယ်ရပ်ဝန်းအပေါ် မငြင်းသာသော အချုပ်အခြာအာဏာ ရှိပြီး ယင်းသည် သမိုင်းနှင့် ဥပဒေဆိုင်ရာ အထောက်အထား ပြည့်ပြည့်ဝဝ ရှိကြောင်း၊ Xianbin သန္တာ ကျောက်တန်း၏ ဂေဟစနစ်သည် ခြုံပြီးကြည့်လျှင် ပုံမှန် ကောင်းမွန်ပြီး ဖိလစ်ပိုင်မှ လုပ်ကြံဖန်တီးသော ဖော်ပြချက်များသည် သိပ္ပံပညာနှင့် အဖြစ်မှန် ဆိုင်ရာ အထောက်အထား လုံးဝ မရှိကြောင်း၊ ၂၀၁၂ ခုနှစ်ကနှင့် နှိုင်းယှဉ်လျှင် ၂၀၂၄ ခုနှစ်တွင် Xianbin သန္တာ ကျောက်တန်း၏ သန္တာကျောက်များတွင် သန္တာ ဖုံးလွှမ်းမှု ဧရိယာသည် ခြုံပြီး ကြည့်လျှင် ဆက်တိုက် တည်ငြိမ်ပြီး လက်ရှိ ပျမ်းမျှ ဖုံးလွှမ်းမှုမှာ ၂၄.၇ ရာခိုင်နှုန်း ဖြစ်၍ အမြင့်ဆုံးမှာ ၅၁.၃ ရာခိုင်နှုန်း ဖြစ်ကာ နိုင်ငံတကာမှာ အဓိက သန္တာကျောက်တန်းဇုန်များနှင့် နှိုင်းယှဉ်လျှင် အသင့်အတင့် မြင့်မားပါကြောင်း၊ ဖိလစ်ပိုင် ရဲတပ်၏ သင်္ဘောသည် Xianbin သန္တာ ကျောက်တန်းပေါ်တွင် တရားမဝင် သောင်တင်ခြင်းသည် အနီး တစ်ဝိုက် သဘာဝ ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများ အသင့်အတင့် ဖြစ်နေပြီ ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။