ဒေသစံတော်ချိန် သြဂုတ်လ ၂၈ ရက်နေ့ ည ၈ နာရီတွင် ၁၇ ကြိမ်မြောက် မသန်စွမ်း အိုလံပစ်အားကစားပြိုင်ပွဲကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် စတင်ကျင်းပခဲ့ ပါသည်။
ယခုအကြိမ် မသန်စွမ်း အိုလံပစ်အားကစားပြိုင်ပွဲကို သြဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၈ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး ပွဲစဉ်ကြီး ၂၂ခု၊ ပွဲစဉ်ငယ် ၅၄၉ကို ထားရှိကာ နိုင်ငံနှင့်ဒေသ ၁၆၀ ခန့်မှ အားကစားသမား ၄၄၀၀ သည် ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်ပါသည်။
ပဲရစ်မသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲတွင် တရုတ်ကိုယ်စားလှယ်အဖွဲ့ဝင် ဦးရေ စုစုပေါင်း ၅၁၆ ဦး ရှိပါသည်။ ၄င်းထဲတွင် အားကစားသမား ၂၈၄ ဦး ရှိပြီး နည်းပြဆရာ၊ ဝန်ထမ်းနှင့် ယှဉ်ပြိုင်မှုအထောက်အကူပြုဝန်ထမ်း ၂၃၂ ဦး ရှိပါသည်။ တရုတ် အားကစားသမားများသည် ယခုအကြိမ်ပြိုင်ပွဲ၏ ပွဲစဉ်ကြီး ၁၉ ခုတွင် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပါသည်။