၂၀၂၄ ခုနှစ် Belt and Road မီဒီယာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို သြဂုတ်လ ၂၈ ရက်နေ့က စီချွမ်းပြည်နယ် ချင်တူးမြို့၌ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး လီရှူလေသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။
အစည်းအဝေး တက်ရောက်သူများက Belt and Road အတူ တည်ဆောက်ရေး အဆိုပြုချက်သည် တရုတ်နိုင်ငံမှ အရင်းအမြစ် ခံကာ အောင်မြင်မှုရလဒ်များနှင့် အခွင့်အလမ်းများကို ကမ္ဘာကြီးက ပိုင်ဆိုင်ထားကြောင်း၊ ၂၀၁၃ ခုနှစ်တွင် သမ္မတ ရှီကျင့်ဖိန်က ယင်းအရေးကြီးသည့် အဆိုပြုချက်ကို ဖော်ပြခဲ့ပြီး နောက်ပိုင်း Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုသည် ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး အောင်မြင်မှု ရလဒ်များစွာ ထိထိရောက်ရောက် ရရှိခဲ့ကြောင်း ဖော်ပြခဲ့ကြပါသည်။
ယခုအကြိမ်ဖိုရမ်၏ ဆောင်ပုဒ်သည် "မီဒီယာ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းလာစေပြီး အတူဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးခြင်း" ဖြစ်ပါသည်။ ဖိုရမ် ကျင်းပစဉ် အတောအတွင်း Belt and Road သတင်းပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်အဖွဲ့ တတိယ အကြိမ်မြောက် ကောင်စီ အစည်းအဝေးကိုလည်း ကျင်းပခဲ့ပါသည်။