ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟို ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချပြုလုပ်ရေး ကော်မတီ ဆဋ္ဌမ အကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပ

(GMT+08:00)2024-08-29 18:02:06  

   တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗဟို ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချပြုလုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ဗဟို ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချပြုလုပ်ရေး ကော်မတီ ဆဋ္ဌမ အကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ပြီး အရေးကြီးမိန့်ခွန်း ပြောကြားခဲ့ပါသည်။

   ရှီကျင့်ဖိန်က ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေးသည် ခေတ်သစ်တွင် ပြုပြင်ပြောင်းလဲမှုကို ဘက်စုံ ဇောက်ချပြုလုပ်ရေး၏ အခြေခံပေါ် တစ်ဆင့်တိုး တွန်းအားပေးခြင်း ဖြစ်ပြီး ခိုင်ခံ့သော အခြေခံနှင့် ကောင်းမွန်သော အခြေအနေများ ရှိကြောင်း၊ ရရှိပြီးသား ပြုပြင်ပြောင်းလဲမှု အောင်မြင်မှု ရလဒ်များနှင့် အရေးကြီးသည့် အတွေ့အကြုံများကို ကောင်းမွန်စွာ အသုံးပြုရမည် ဖြစ်ကြောင်း၊ လွတ်လွတ်လပ်လပ် တွေးခေါ်ပြီး အဖြစ်မှန် အတိုင်း၊ အချိန်နှင့် တစ်ပြေးညီ လက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဘက်အသီးသီးတို့ တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်ပြီး ပြုပြင်ပြောင်းလဲမှု တာဝန်များ စီမံ ဖော်ဆောင်ရေးကို အစွမ်းကုန် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။