တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပပြီးနောက်ပိုင်း "တော်လှန်ရေး လေးခု"နှင့် "ပူးပေါင်းဆောင်ရွက်မှု တစ်ခု" ဖြစ်သည့် စွမ်းအင် လုံခြုံရေး မဟာဗျူဟာသစ်၏ လမ်းညွှန်ချက်အရ တရုတ်နိုင်ငံသည် စွမ်းအင် အသွင်ကူးပြောင်းခြင်းကို ပြတ်သားစွာ တွန်းအားပေးကာ တရုတ်နိုင်ငံ၏ လက်တွေ့အခြေအနေနှင့် ကိုက်ညီပြီး ခေတ်နှင့် တစ်ပြေးညီ ဖြစ်သော စွမ်းအင် အသွင်ကူးပြောင်းရေး လမ်းကြောင်းအတိုင်း လျှောက်လှမ်းလာခဲ့ပါသည်။
သြဂုတ်လ ၂၉ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် "တရုတ်နိုင်ငံ၏ စွမ်းအင် အသွင်ကူးပြောင်းရေး စက္ကူဖြူစာတမ်း"ကို ထုတ်ပြန်ခဲ့ပါသည်။ စက္ကူဖြူစာတမ်းတွင် တရုတ်နိုင်ငံ၏ စွမ်းအင် အသွင် ကူးပြောင်းရေး အခြေခံ အတွေးအခေါ်ကို ဖော်ပြထားပြီး ယင်းတို့သည် ပြည်သူများသာ အဓိက ဖြစ်သည်ကို စွဲကိုင်ခြင်း၊ အစိမ်းရောင် ဖြစ်ပြီး ကာဗွန် ထုတ်လွှတ်မှု နည်းပါးခြင်းကို စွဲကိုင်ခြင်း၊ နိုင်ငံ၏ အခြေအနေအရ ဖြစ်ပေါ်လာမှုကို စွဲကိုင်ခြင်း၊ ဆန်းသစ်တီထွင်မှုကို ရှေးရှုသည်ကို စွဲကိုင်ခြင်းနှင့် တံခါးဖွင့်ပြီး ပူးပေါင်းဆောင်ရွက်မှုကို စွဲကိုင်ခြင်းတို့ အပါအဝင် စွဲကိုင်ခြင်း ငါးရပ် ဖြစ်ပါသည်။
စက္ကူဖြူစာတမ်းတွင် တရုတ်နိုင်ငံ၏ စွမ်းအင် အသွင်ကူးပြောင်းရေးဆိုင်ရာ လက်တွေ့ကျ အောင်မြင်မှုများကို ဘက်စုံ ဖော်ပြထားပြီး နိုင်ငံတကာ အစိမ်းရောင် အသွင် ကူးပြောင်းရေးအတွက် တရုတ်နိုင်ငံ၏ ထင်ရှားသော အကျိုးပြု စွမ်းဆောင်မှုများကိုလည်း ပကတိကျစွာ ပြသထားကာ ကမ္ဘာ့နိုင်ငံအသီးသီးနှင့် လက်တွဲပြီး သန့်စင် သာယာသော ကမ္ဘာကြီးအား အတူ တည်ဆောက်ရန် တရုတ်နိုင်ငံ၏ ခံယူချက်များကိုလည်း ရှင်းလင်း ဖော်ပြထားပါသည်။