အေအက်ဖ်ပီသတင်းဌာနမှ ဩဂုတ်လ ၂၇ ရက်နေ့က အိန္ဒိယ သုတေသနအဖွဲ့၏ နိုင်ငံတကာဂျာနယ် "ပတ်ဝန်းကျင်၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး" တွင် ထုတ်ဝေသော အစီရင်ခံစာကို ကိုးကားပြီး ၁၉၆၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အတွင်း အိန္ဒိယနိုင်ငံတွင် မိုးကြိုးပစ်ခံရသောကြောင့် လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ကြောင်း၊ ၂၀၁၀ပြည့်နှစ်မှ ၂၀၂၀ပြည့်နှစ်အတွင်း မိုးကြိုးပစ်မှုကြောင့် သေဆုံးသူဦးရေ သိသိသာသာ တိုးလာကြောင်း သတင်းရရှိပါသည်။
အစီရင်ခံစာတွင် အိန္ဒိယနိုင်ငံမှာ နှစ်စဉ် မိုးကြိုးပစ်မှုကြောင့် လူသေဆုံးမှုများ တိုးလာနေပြီး ရာသီဥတု ဖောက်ပြန်မှုကြောင့် အဓိက လူသေဆုံးမှု အကြောင်းရင်း ဖြစ်လာပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။