ရှီကျင့်ဖိန်သည် အမေရိကန် သမ္မတ၏ နိုင်ငံတော်လုံခြုံရေးလက်ထောက် Sullivan နှင့် တွေ့ဆုံ

(GMT+08:00)2024-08-29 18:01:16  

  သြဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ အမေရိကန် သမ္မတ၏ နိုင်ငံတော်လုံခြုံရေးလက်ထောက် Sullivan နှင့် တွေ့ဆုံခဲ့ပါသည်။

   ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ရှုပ်ထွေးပွေလီ ဖြစ်နေသော နိုင်ငံတကာ အခြေအနေကို ရင်ဆိုင်ရာတွင် နိုင်ငံအသီးသီးတို့သည် သွေးကွဲမှုနှင့် ထိပ်တိုက်ရင်ဆိုင်မှု မဟုတ်ဘဲ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို လိုလားပါကြောင်း၊ ပြည်သူများသည် ပိတ်ဆို့မှုနှင့် နောက်ဆုတ်မှု မဟုတ်ဘဲ တံခါးဖွင့်မှုနှင့် တိုးတက်မှုကို မျှော်လင့်ပါကြောင်း၊ နိုင်ငံကြီး နှစ်နိုင်ငံ အဖြစ်ဖြင့် တရုတ်နှင့် အမေရိကန်တို့သည် သမိုင်းအပေါ်၊ ပြည်သူများအပေါ်၊ ကမ္ဘာကြီးအပေါ် တာဝန်ယူပြီး ကမ္ဘာ့ငြိမ်းချမ်းရေး၏ တည်ငြိမ်ဘွယ်ရာနှင့် အတူ ဖွံ့ဖြိုးတိုးတက်ရေး၏ တွန်းအား ဖြစ်သင့်ကြောင်း၊ အမေရိကန် အနေနှင့် အပြုသဘောဆောင်ပြီး ဆင်ခြင်ဉာဏ်ရှိရှိဖြင့် တရုတ်နိုင်ငံနှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို သဘောထားပြည့်ဝစွာ တစ်ဖက်သား၏ ဖွံ့ဖြိုးမှုကို စိန်ခေါ်မှု မဟုတ်ဘဲ အခွင့်အလမ်း အဖြစ် မြင်ကာ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံကြီး နှစ်နိုင်ငံကြား မှန်ကန်သော ယှဉ်တွဲနေထိုင်ရေး လမ်းကြောင်းကို ရှာကြံနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။