ယခုလ ၂၈ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က သတင်းစာ ရှင်းလင်းပွဲကို ကြီးမှူး ကျင်းပရာတွင် တရုတ် နိုင်ငံသည် အာဖရိကနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ရာ၌ ချစ်ခင်ရင်းနှီးမှု၊ ရိုးသားဖြူစင်မှု ခံယူချက်နှင့် တရားမျှတမှုနှင့် အကျိုး စီးပွား ဆိုင်ရာ မှန်ကန်သော အမြင်ကို အမြဲ စွဲကိုင်ထားပြီး တရုတ် နိုင်ငံနှင့် အာဖရိက ပြည်သူများ၏ အရင်းခံ အကျိုးစီးပွားများကို အစဉ်တစိုက် မူတည်ကြောင်း၊ မိမိတို့သည် အာဖရိကကို လေးစားပြီး တန်းတူညီမျှစွာ ပေါင်းသင်းဆက်ဆံကာ ကိုယ်ကျိုးစီးပွား ရှာကြံမှု လုံးဝ မရှိကြောင်း၊ တရုတ် နိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အတူ အာဖရိက ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်ပင်သာယာမှုကို လက်တွဲ တိုးမြှင့်ပြီး အာဖရိက ပြည်သူများ အတွက် လက်တွဲ အကျိုးပြုလိုကြောင်း ပြောကြားခဲ့ပါသည်။
တရုတ် နိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အတူ အာဖရိက ပြည်သူများ အတွက် လက်တွဲ အကျိုးပြုလိုကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနဆို
(GMT+08:00)2024-08-29 15:44:10