ဆီးရီးယား၌ နိုင်ငံခြားတပ်ဖွဲ့များ တရားမ၀င်တပ်စွဲခြင်းကို အဆုံးသတ်ရန် တရုတ်က ပန်ကြား

(GMT+08:00)2024-08-29 11:15:00  

ဩဂုတ်လ ၂၈ ရက်နေ့က ကျင်းပခဲ့သော ဆီးရီးယား နိုင်ငံရေးနှင့် လူသားချင်း စာနာထောက်ထားရေး ကိစ္စရပ်များဆိုင်ရာ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ တရုတ် ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကင်စွမ်က အစ္စရေးမှ ဆီးရီးယားအား တိုက်ခိုက်မှု ရပ်စဲရန်နှင့် ဆီးရီးယား၌ နိုင်ငံခြားတပ်ဖွဲ့များ တရားမ၀င်တပ်စွဲခြင်းကို အဆုံးသတ်ရန် တရုတ်ဘက်က ပန်ကြားပြီး ဒေသတွင်း အခြေအနေကို အေးငြိမ်းစေရန်အတွက် ပြင်ပ အင်အားကြီးနိုင်ငံများအနေနှင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ တွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။