ယခုလ ၂၇ရက်နေ့က အမေရိကန် နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ရှဲ့ဖုန်းမှ Forbes၏ ဆဋ္ဌမ အကြိမ်မြောက် အမေရိကန်-တရုတ် စီးပွားကုန်သွယ်ရေး ဖိုရမ်တွင် အမှာစကား ပြောကြားရာ၌ တရုတ်-အမေရိကန် ဆက်ဆံမှုသည် zero-sum game မဖြစ်သင့်ကြောင်း၊ အပြစ်လွှဲချခြင်းဖြင့် ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ ကုန်သွယ်မှု စစ်ပွဲ၊ စက်မှုလုပ်ငန်း စစ်ပွဲနှင့် သိပ္ပံနည်းပညာ စစ်ပွဲတွင် အနိုင်ရရှိသူ ရှိမည် မဟုတ်ကြောင်း၊ တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးသည် တစ်ခုတည်းသော မှန်ကန်သည့် ရွေးချယ်မှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။