Heilongjiang ပြည်နယ် Jia mu si မြို့ စိမ်းလန်းသော စပါးခင်း၏ကောင်းကင်ပေါ်တွင် လယ်ယာသုံးလေယာဉ်များသည် အပြန်အလှန်ပျံသန်းပြီး၊ လေယာဉ်ကိုယ်ထည်၏ တောင်ပံနှစ်ဖက်မှ အဖြူရောင်အရည်များကို စပါးရွက်များပေါ်တွင် အညီအမျှ ဖျန်းပေးခဲ့ပါသည်။ နွေစပါးသီးနှံများ စီမံအုပ်ချုပ်မှုအဆင့်တွင် လယ်ယာမြေ လေကြောင်းလုပ်ဆောင်ချက်၏ အားသာချက်များကို အပြည့်အဝအသုံးချခြင်းဖြင့် စပါးအရည်အသွေးနှင့် အထွက်နှုန်းကို တိုးမြင့်စေပြီး စိုက်ပျိုးသူများ၏ ဝင်ငွေကို တိုးများစေခဲ့သည်ဟု သိရပါသည်။
















