ဂျပန်မှပိုးတစ်မျိုးသည် ဆွစ်ဇာလန်သို့ ပျံ့နှံ့ရောက်ရှိပြီး သိပ္ပံပညာရှင်များက ရင်ဆိုင်ဖြေရှင်းရေး နည်းလမ်းကို ရှာဖွေနေကြ

(GMT+08:00)2024-08-29 11:13:58  

မကြာခင်နှစ်များအတွင်း ဂျပန် နွားချေးပိုးတစ်မျိုးသည်  မြောက်အမေရိကနှင့် ဥရောပတို့တွင် ဝင်ရောက်လာသည့် မျိုးစိတ်တစ်ခုအဖြစ် မျိုးပွားလာသည်။ ဆွစ်ဇာလန်တွင် ဂျပန် နွားချေးပိုးသည် ဒေသခံ လယ်ယာစိုက်ပျိုးရေးနှင့် ပိုးမွှားထိန်းချုပ်ရေး ကျွမ်းကျင်သူများကို အလွန် ထိတ်လန့်စေခဲ့သည်။ ဂျပန် နွားချေးပိုး ဝင်ရောက်လာခြင်းကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ဆွစ်ဇာလန် လယ်ယာစိုက်ပျိုးရေး ဌာနသည် ရူပဗေဒ နှင့် ဓာတုဗေဒ ဆိုင်ရာ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကို အသုံးချသည့်အပြင် သိပ္ပံပညာရှင်များကလည်း ဇီဝဆိုင်ရာ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကို စမ်းသပ်နေကြပါသည်။