သြဂုတ်လ ၂၇ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံခြားရေးရာရုံးဥက္ကဋ္ဌ ဝမ်ယိ သည် ဘေကျင်း၌ အမေရိကန် သမ္မတ၏ နိုင်ငံတော်လုံခြုံရေးလက်ထောက် Sullivan နှင့် မဟာဗျူဟာမြောက် ဆက်သွယ်မှု အသစ်ကို စတင်ခဲ့သည်။
ဝမ်ယိက နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆန်ဖရန်စစ္စကို သဘောတူညီမှုကို အကောင် အထည် ဖော်ရန်မှာ တရုတ်နှင့် အမေရိကန်တို့၏ ဘုံတာဝန်ဖြစ်သလို ယခုတစ်ကြိမ် မဟာဗျူဟာမြောက် ဆက်သွယ်မှု၏ အဓိကတာဝန်လည်းဖြစ်ကြောင်း၊ လာမယ့်နှစ်ရက်အတွင်း နှစ်ဖက်တို့က ယင်းနှင့်ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။
Sullivan က သမ္မတ Biden သည် အမေရိကန်-တရုတ် ဆက်ဆံရေးကို တာဝန်သိစွာ အားဖြည့်စီမံခန့်ခွဲပြီး ပြိုင်ဆိုင်မှုအား ပဋိပက္ခအဖြစ်သို့ ပြောင်းလဲခြင်းမှ ရှောင်ရှားကာ ဘုံအကျိုးစီးပွားရှိသောနယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ဤမဟာဗျူဟာမြောက် ဆက်သွယ်မှုမှတစ်ဆင့် ကျယ်ပြန့်သော ကိစ္စရပ်များ နှင့် ပတ် သက်ပြီး တရုတ်နိုင်ငံနှင့် ထိရောက်မှုရှိသော ဆွေးနွေးညှိနှိုင်းမှုပြုလုပ်နိုင်ရန် နှစ်နိုင်ငံ ခေါင်းဆောင်တို့၏ သဘောတူညီမှုကို အကောင်အထည်ဖော်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ ပါသည်။