သြဂုတ်လ ၂၇ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က အခြေခံအဆောက်အအုံ တည်ဆောက်ရေးမှာ အာဖရိက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခြေခံ ဖြစ်ပြီး အပြန်အလှန်ဆက်သွယ်မှု အကောင်အထည်ဖော်ရေးမှာ အာဖရိကနိုင်ငံများ၏ ဘုံ မျှော်လင့်ချက် ဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်များတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက် ရေးဖိုရမ်နှင့် Belt and Road အတူတကွတည်ဆောက်ရေး မူဘောင်အတွင်းတွင် တရုတ်နိုင်ငံအနေဖြင့် အမှန်တရား၊ ခင်မင်းရင်းနှီးပြီး ရိုးသားဖြူစင်သော သဘောတရားနှင့် အကျိုးစီးပွားအတွက် မှန်ကန်သောအမြင်များကို အစဉ်တစိုက် စွဲကိုင်ထား၍ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရန် အာဖရိကနိုင်ငံများ၏ အခြေခံ အဆောက် အအုံနှင့် အပြန်အလှန်ဆက်သွယ်ရေး အဆင့်အတန်း မြှင့်တင်ခြင်းကို အခိုင်အမာ ထောက်ခံလျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို မကြာမီတွင် ကျင်းပမည် ဖြစ်ပြီး Belt and Road အရည်အသွေးမြင့်မားစွာ အတူတကွ တည်ဆောက်ရေးမှာ ယခုအကြိမ်ဖိုရမ်၏ အဓိကဆွေးနွေးရန်အကြောင်းများထဲတွင် တစ်ခု အပါအဝင် ဖြစ်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဖရိကနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန်အကျိုးရှိစေရေး၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းအတိုင်း ရှေ့သို့ ဆက်လက်ချီတက်၍ တရုတ်-အာဖရိက အပြန်အလှန် ဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
Belt and Road အရည်အသွေးမြင့်မားစွာ အတူတကွတည်ဆောက်ရေးသည် ယခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်၏ အဓိကဆွေးနွေးမည့် အကြောင်းများ ထဲတွင် တစ်ခုအပါအဝင် ဖြစ်မည် ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
(GMT+08:00)2024-08-28 15:50:25