ကင်ဂျုံအန်းသည် မြောက်ကိုရီးယား၏ မီလီမီတာ ၂၄၀ ဒုံးပျံလောင်ချာလက်နက်စနစ်အား လက်ခံစမ်းသပ်မှုကို ကြည့်ရှုလေ့လာ

(GMT+08:00)2024-08-28 15:49:13  

ဒေသစံတော်ချိန် သြဂုတ်လ ၂၇ ရက်နေ့က မြောက်ကိုရီးယားအလုပ်သမားပါတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ကင်ဂျုံအန်းသည် မြောက်ကိုရီးယားနိုင်ငံ ဒုတိယ စီးပွားရေး ကော်မရှင် လက်အောက်ရှိ စစ်ဘက်စက်မှုလုပ်ငန်းဌာနများမှ ထုတ်လုပ်သော မီလီမီတာ ၂၄၀ ဒုံးပျံ လောင်ချာစနစ်အား လက်ခံစမ်းသပ်မှုကို ကြည့်ရှုလေ့လာခဲ့ပါသည်။

ယင်း ဒုံးပျံလောင်ချာလက်နက်စနစ်သည် ရွေ့လျားနိုင်မှုနှင့် တိုက်ခိုက်မှု စွမ်းရည်ဘက်များတွင် နည်းပညာဆိုင်ရာ အပ်ဒိတ်များကို ရရှိပါသည်။ ကင်ဂျုံအန်းသည် ဒုံးပျံလောင်ချာအမျိုးအစားသစ်များ ထုတ်လုပ်ပြီး တပ်ဖွဲ့များအတွင်းသို့ တပ်ဖြန့်ခြင်းဆိုင်ရာ အဆိုပြုချက်ကို ညွှန်ကြားချမှတ်ခဲ့ပါသည်။