သြဂုတ်လ ၂၈ ရက်နေ့က ၂၀၂၄ ခုနှစ် တရုတ်အင်တာနက် ယဉ်ကျေးမှုအစည်းအဝေးကို ချင်တူးမြို့တွင် ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင် အဖွဲ့ ကော်မတီဝင်၊ တရုတ်ကွန်မြူနစ်ပါတီဗဟို ကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး Li Shulei သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။
အစည်းအဝေး တက်ရောက်သူများက အင်တာနက် ယဉ်ကျေးမှု တည်ဆောက်ရေးကို အားဖြည့်ခြင်းသည် သတင်းအချက်အလက်နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေသစ်နှင့် လျင်မြန်စွာ လိုက်လျောညီထွေ ဖြစ်ရန် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပြီး ယဉ်ကျေးမှု အားကောင်းသောနိုင်ငံနှင့် အင်တာနက် အားကောင်းသောနိုင်ငံ တည်ဆောက်ရန် လိုအပ်ဖွယ်ရာလည်း ဖြစ်ကြောင်း ယူဆကြသည်။
အစည်းအဝေး တက်ရောက်သူများက ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုဆိုင်ရာ အတွေးအခေါ်နှင့် အင်တာနက် အားကောင်းသောနိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးဆိုင်ရာ အတွေးအခေါ်ကို လမ်းညွန်ချက် အဖြစ်ထားပြီး ခေတ်သစ်တွင် အင်တာနက်ယဉ်ကျေးမှုတည်ဆောက်ရေးလုပ်ငန်း အရပ်ရပ်ကို လက်တွေ့ကျကျ မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယူဆကြသည်။