အီရန်မှ တိုက်ခိုက်လာပါက အမေရိကန်က အစ္စရေးကို ကာကွယ်ပေးမည်ဟု အမေရိကန် အရာရှိ ဆို

(GMT+08:00)2024-08-28 15:51:36  

ဒေသစံတော်ချိန် ယခုလ ၂၇ ရက်နေ့က အမေရိကန်အိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေး ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ John Kirby က အီရန်သည် အစ္စရေးအပေါ် လက်တုံ့ပြန်ရန် အသင့်ဖြစ်နေပြီဟု အမေရိကန်က မှတ်ယူသောကြောင့် အမေရိကန်သည် ဒေသဆိုင်ရာ စစ်ရေးဖြန့်ကျက်မှုများကို အားဖြည့်ဆောင်ရွက်ပြီဖြစ် ကြောင်း၊ အမေရိကန်၏ လုပ်ဆောင်ချက်သည် အစ္စရေးကို လက်တုံ့ပြန်မှုမပြုရန် အီရန်အား မက်ဆေ့ခ်ျပို့ခြင်းဖြစ်ပြီး  အီရန်မှ အစ္စရေးကို တိုက်ခိုက်လာပါက အမေရိကန်အနေနှင့် အစ္စရေးကို ကာကွယ်ပေး ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။