မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia သည် ဩဂုတ်လ ၂၇ ရက်နေ့တွင် နေပြည်တော်၌ မြန်မာနိုင်ငံဒုတိယဝန်ကြီးချုပ်၊နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တွေ့ဆုံခဲ့ သည်။
Ma Jia က မကြာသေးမီက တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်သည် အောင်မြင်စွာပြီးဆုံးခဲ့ပြီး မြန်မာနိုင်ငံမှ တရုတ်-မြန်မာ ဆက်ဆံရေးတိုးတက်မှုအပေါ် များစွာ အလေး အနက်ထားမှုကို အပြည့်အဝ ပေါ်လွင်စေခဲ့ကြောင်း၊ အဆွေတော် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မိမိစတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ မိမိအပေါ် များစွာ ကူညီပံ့ပိုးပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ မိမိသည် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အစဉ်အလာကို ဆက်လက်ပြန့်ပွားအောင် လုပ်ဆောင်၍ တရုတ်-မြန်မာ အေးအတူပူအမျှ ကံကြမ္မာအသိုက်အဝန်း တည်ဆောက်မှုကို နက်ရှိုင်းပြီး လက်တွေ့ ကျလာ စေရန် မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်တို့သည် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်း၊ မြန်မာနိုင်ငံစီးပွားရေးနှင့် ပြည်သူ့အကျိုးပြုဖွံ့ဖြိုးရေးကိုထောက်ခံအားပေးခြင်း၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုကိုကာကွယ်ခြင်း၊ ကုလသမဂ္ဂစသည့် နိုင်ငံတကာပလက်ဖောင်းများတွင် အပြန်အလှန်ထောက်ခံအားပေးမှုကို မြှင့်တင်ခြင်း စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သတင်းအရ သိရှိရ သည်။