စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပမည့် ကန်သမ္မတ အချေအတင်ဆွေးနွေးပွဲ၏ စည်းကမ်းချက် များကို လက်ခံခဲ့ပြီး ဖြစ်သည်ဟု ဒေါ်နယ်ထရမ့် ဆို

(GMT+08:00)2024-08-28 15:49:57  

သြဂုတ်လ ၂၇ ရက်နေ့က အမေရိကန် ရီပတ်ပလစ်ကန်ပါတီ၏ သမ္မတလောင်း၊ အမေရိကန်နိုင်ငံ သမ္မတဟောင်း ဒေါ်နယ်ထရမ့် သည် မိမိအနေဖြင့် စက်တင်ဘာလ ၁၀ ရက်နေ့တွင် Pennsylvania ပြည်နယ် Philadelphia မြို့၌ ABC မှ ဦးစီးကျင်းပမည့် သမ္မတအချေအတင်ဆွေးနွေးပွဲတွင် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်း၊ အမေရိကန် နိုင်ငံဒုတိယသမ္မတ ကာမလာ ဟဲရစ် နှင့် အချေအတင်ဆွေးနွေးရန် ABC နှင့် သဘော တူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း ၄င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့ ပါသည်။