ဒေသစံတော်ချိန် သြဂုတ်လ ၂၆ရက်နေ့က ပြင်သစ်သမ္မတမက်ခရွန်သည် Telegram တည်ထောင်သူ တူရိုဖ်ကို ဖမ်းဆီးခြင်းသည် နိုင်ငံရေးကြောင့် မဟုတ်ဟု လူမှုကွန်ရက်တွင် တင်ပြခဲ့ကြောင်း သတင်းအရ သိရပါသည်။
မက်ခရွန်က Telegram တည်ထောင်သူတူရိုဖ် အဖမ်းခံရပြီးနောက် ပြင်သစ်နိုင်ငံဆိုင်ရာ မဟုတ် မမှန်သော သတင်းများကို တွေ့ရ ကြောင်း၊ ပြင်သစ်သည် လွတ်လပ်စွာ ပြောဆိုခွင့်ကို တန်ဖိုးထားကြောင်း၊ တူရိုဖ်ကို ဖမ်းဆီးခြင်းသည် တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နိုင်ငံရေးကြောင့် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။