ထိုင်းနှင့် တရုတ်နှစ်နိုင်ငံကြား လေးနက်သော ချစ်ကြည်ရင်းနှီးမှုသည် အပြန်အလှန်ယုံကြည်မှုနှင့် အပြန်အလှန်လေးစားမှု၊ သာယာဝပြောမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများပေါ် ဘုံတူ လိုလားမှုနှင့် နှစ်နိုင်ငံပြည်သူတို့၏ မိသားစုကဲ့သို့ ရင်းနှီးဆက်ဆံမှု အပေါ် အခြေခံအုတ်မြစ်ချထားကြောင်း ထိုင်းဝန်ကြီးချုပ်သစ် ပီသွန်သန်းက ဩဂုတ်လ ၂၆ ရက်နေ့က ၎င်း၏ လူမှုမီဒီယာတွင် ရေးသား ဖော် ပြခဲ့ပါသည်။
လာမည့်နှစ်တွင် တရုတ်နှင့် ထိုင်းနိုင်ငံ သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၅၀ ပြည့် မြောက်နှစ်ဖြစ်ပါသည်။ ပီသွန်သန်း က ထိုင်းနှင့် တရုတ်နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှုကို မြှင့်တင်ရေးအတွက် မိမိ ဆက်လက် ကြိုးပမ်း အား ထုတ်မည်ဖြစ်ပြီး၊ ၂၀၂၅ခုနှစ်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၅၀ ပြည့် မြောက် ခြင်းကို တရုတ်နှင့် အတူ ဆင်နွှဲဂုဏ်ပြုရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ ပါသည်။